Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

မြန်မာ / Burmese

dentist talking to patient

SA Dental မှ ကြိုဆိုပါသည် / Welcome to SA Dental

တောင်သြစတြေးလျပြည်နယ် တစ်ဝန်း ဆေးခန်းများတွင် ကုသခွင့်ရှိသည့် အားလုံးသော လူကြီးများနှင့်ကလေးများကို သွားဆေးကု ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသည်။

ကလေးများ / Children

တောင်သြစတြေးလျပြည်နယ်တွင် နေထိုင်သည်ဖြစ်စေ သို့မဟုတ် ကျောင်းတက်သည်ဖြစ်စေ အားလုံးသော နို့စို့ကလေးများ၊ ကလေးများနှင့် အသက် ၁၈ နှစ်အောက် လူငယ်လူရွယ်များသည် ကျွန်ုပ်တို့၏ ဆေးခန်းများ အနက် တစ်ခုသို့ လာရောက်နိုင်သည်။

ကလေးများအား အသက် ၁၂ လ လောက်တွင် သွားစစ်ဆေးမှုလုပ်ရန် ကျွန်ုပ်တို့ အကြံပြုပါသည်။

ရက်ချိန်းကို ယခုပင် တောင်းဆိုပါ။

  • ကလေးများအတွက် စောင့်ဆိုင်းစာရင်း မလိုအပ်ပါ၊ နောက်တစ်ကြိမ်ရရှိနိုင်မည့် ရက်ချိန်း သင် ရပါမည်။
  • ကျောင်းနေအရွယ် မဟုတ်သည့် ကလေးများအတွက် အိတ်စိုက်ကုန်ကျမည် မဟုတ်ပါ။
  • လက်ရှိ ကျန်းမာရေးကတ်ပြား သို့မဟုတ် ပင်ဆင်ကတ်ပြား မရှိလျှင် ကလေးများအတွက် ကုန်ကျစရိတ်ရှိနိုင်သည်။

လူကြီးများ / Adults

တောင်သြစတြေးလျပြည်နယ်တွင် နေထိုင်ပြီး ကျန်းမာရေးကတ်ပြား သို့မဟုတ် အငြိမ်းစား လျှော့စျေးသက်သာခွင့် ကတ်ပြား ကိုင်ဆောင်ထားသည့် အားလုံးသော လူကြီးများ (အသက် ၁၈ နှစ် သို့မဟုတ် အထက်အရွယ်) သည် ကျွန်ုပ်တို့၏ ဆေးခန်းများအနက် တစ်ခုသို့ လာရောက်နိုင်သည်။

ကျွန်ုပ်တို့၏ လူကြီး စောင့်ဆိုင်းစာရင်းတွင် ယခုပင် ဝင်ပေးပါ။

  • သင် အခမဲ့ အထွေထွေ သွားစစ်ဆေးမှုကို စစ်ဆေးလိုလျှင် ယခုပင် လူကြီး စောင့်ဆိုင်းစာရင်းသွင်းပါ။
  • စောင့်ဆိုင်းရမည့် အချိန်အတိုင်းအတာမှာ ကွဲပြားခြားနားနိုင်သည်။ သင်၏အမည် စောင့်ဆိုင်းစာရင်းထိပ်ပိုင်းသို့ရောက်ရှိသည့်အခါ သွားစစ်ဆေးပေးမည့် စာ (အဂ်လိပ်) ကို သင် ပေးထားသည့် လိပ်စာသို့ ပို့ပေးပါမည်။
  • အကယ်၍ သင် လိပ်စာပြောင်းလဲလျှင် သင်၏ ဒေသခံ သွားဆေးခန်းကို အကြောင်းကြားပါ။
  • ဤသွားစစ်ဆေးပေးမည်ကို ၃ ပတ်အတွင်း သင် လက်ခံရန်လိုအပ်ပါမည်။
  • ကုန်ကျစရိတ် မှာ နောက်ထပ်သွားကုသမှုအတွက် ကျခံရနိုင်သည်။

အရေးပေါ် သွားဆေးကုသမှု / Emergency Dental Care

သင် မျက်နှာရောင်ခြင်း၊ သွားသွေးထွက်ခြင်း သို့မဟုတ် သွားထိခိုက်မှု ကြုံတွေ့နေရပါသလား။

ရုံးချိန် (တနင်္လာမှ သောကြာ၊ နံနက် ၈.၃၀ နာရီမှ ညနေ ၄.၃၀ နာရီ) အတွင်း သင်နှင့် အနီးဆုံး သွားဆေးခန်း ကိုဖုန်းခေါ်ပါ။

ကျွန်ုပ်တို့၏ ရုံးချိန်ပြင်ပ အတွက် Healthdirect ကို ဖုန်း 1800 022 222 ဖြင့်ဆက်သွယ်ပါ။

Healthdirect နှင့်ပတ်သက်ပြီး ပိုမိုသိရှိရန် SA health healthdirect ဝက်ဘ်ဆိုက်တွင် ကြည့်ပါ။

စကားပြန် / Interpreter

ရက်ချိန်းတွင် သင် သို့မဟုတ် သင်၏ စောင့်ရှောက်သူက စကားပြန်အလိုရှိလျှင် ဖုန်း 1300 008 222 ဖြင့် ကျွန်ုပ်တို့အား ကြိုတင်၍ ဖုန်းဆက်ပါ သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ထမ်းများအနက် တစ်ဦးနှင့်ပြောဆိုပါ။

ကျွန်ုပ်တို့ကို ဆက်သွယ်ပါ / Contact Us

ဖုန်း- 1300 008 222 (တနင်္လာမှ သောကြာ၊ နံနက် ၈.၃၀ နာရီမှ ညနေ ၄.၃၀ နာရီ)

အီးမေးလ်- HealthSADSPublic@sa.gov.au

သင်နှင့်အနီးဆုံး ဆေးခန်းကို ဆက်သွယ်ရန်နှင့် လမ်းကြောင်းညွန်းပေးရန်- Find a clinic (ဆေးခန်းရှာပါ)