Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

ကလေး သွားဘက်ဆိုင်ရာ သက်သာခွင့်များ အစီအစဥ် (CDBS)

children sitting on steps smiling

ကလေး သွားဘက်ဆိုင်ရာ သက်သာခွင့်များ အစီအစဥ် (CDBS) ဆိုသည်မှာ အဘယ်နည်း။

ان برنامج منافع طب الأسنان للأطفال (CDBS) هو مبادرة تمولها حكومة الكومنويلث وتقدمها من خلال مديكير، وهو مصمم لدعم الأسر في حصول أطفالهم بأعمار من 0 الى 17 عاماً على عناية طب أسنان.

يمكنكم الاستفادة من CDBS عند مراجعة عيادات طب اسنان جنوب أستراليا (SA Dental)، فنحن نقدم فواتير جماعية لمديكير، ولا يتم استيفاء رسوم إضافية عند الوصول الى أقصى حد من منافع CDBS.

မည်သူ ပြသကုသနိုင်သနည်း။

သင့်အနေဖြင့် CDBS ရရန်အတွက် လျှောက်ရန် သို့မဟုတ် စာရင်းသွင်းရန် မလိုအပ်ပါ။ အကယ်၍ သင့်ကလေး ရထိုက်ပါက Services Australia က သင့်ထံ စာတစ်စောင်ပို့ပါမည်။

ကျွန်ုပ်တို့၏ ဝန်ထမ်းများသည်လည်း သင့်ရက်ချိန်းမတိုင်မီ စိစစ်ပေးပါလိမ့်မည်။

ကလေးတစ်ဦးသည် အောက်ပါအချက်များနှင့် သက်ဆိုင်ပါက အစီအစဥ်ကို ရနိုင်သည်-

  • ၎င်းကလေးက Medicare ရထိုက်လျှင်
  • ၎င်းကလေးသည် ပြက္ခဒိန်နှစ်တွင် အနည်းဆုံး တစ်ရက် အသက် ၀ နှင့် ၁၇ နှစ်အကြားရှိနေလျှင်
  • ထို့ပြင် ထောက်ပံ့ကြေးကို ပြက္ခဒိန်နှစ်တွင် အနည်းဆုံး တစ်ကြိမ် Services Australia ထံမှရနေလျှင် (ဥပမာ- Family Tax Benefit A)။

မည်သည့်အရာအကျုံးဝင်သနည်း။

ကလေး သွားဘက်ဆိုင်ရာ သက်သာခွင့်များ အစီအစဥ် (CDBS) အားဖြင့် သင့်ကလေးသည် ပြက္ခဒိန်နှစ် နှစ်နှစ်အတွင်း ဒေါ်လာ $1,095 အထိနှင့်ညီမျှသော အခြေခံ သွားဘက်ဆိုင်ရာ ကုသဝန်ဆောင်မှုများကို ရယူနိုင်သည်။

ကလေး သွားဘက်ဆိုင်ရာ သက်သာခွင့်များ အစီအစဥ် (CDBS) ဖြင့် အကျုံးဝင်သည့် အခြေခံ သွားဘက်ဆိုင်ရာ ကုသဝန်ဆောင်မှုများမှာ-

  • စစ်ဆေးပေးခြင်း
  • ဓါတ်မှန်ရိုက်ခြင်း
  • သွားသန့်ရှင်းပေးခြင်း
  • အံသွားအချိုက်နေရာ ဆေးအုပ်ပေးခြင်း
  • သွားဖါပေးခြင်း
  • သွားအမြစ်သန့်ရှင်းပေးခြင်း
  • သွားနုတ်ခြင်း

မည်သို့ ကုသမှုရယူရမည်နည်း။

သင့်ကလေးအတွက် သွားဆေးခန်း ရက်ချိန်းယူသည့်အခါ CDBS အကြောင်းမေးမြန်းပါ။

သင့် သွားဆရာဝန်သည် သင့်ကလေး CDBS အသုံးပြုနိုင်သည် ဟုတ်/မဟုတ် နှင့် လက်ကျန် သုံးနိုင်သည့်ငွေပမာဏကို စစ်ဆေးပေးနိုင်သည်။

သင့်အနေဖြင့် အစီအစဥ်ကို SA သွားဆေးခန်းများ တွင်လည်း အသုံးပြုနိုင်သည်။

သင့်ကလေးအတွက် ရက်ချိန်းကို ဤေနရာ တွင်တောင်းခံနိုင်သည်။