Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

သင်၏ သွားနှင့်သွားဖုံးကို စောင့်ရှောက်ပုံ

boy smiling brushing teeth

သင်၏ သွားများ

သင့်သွားနှင့် သွားဖုံးကို နံနက်နှင့် ညအိပ်ယာမဝင်မီ သွားတိုက်ပါ။

ပျော့သော သွားပွတ်တံအငယ်နှင့် ပဲစေ့အရွယ် ဖလူရိုက်ဓါတ်ပါ သွားတိုက်ဆေးကို အသုံးပြုပါ။

သွားတိုက်ပြီးပါက သွားတိုက်ဆေးကို ထွေးထုတ်လိုက်ပါ သို့သော် ရေနှင့် ပလုတ်မကျင်းပါနှင့်။

သွားပွတ်တံကို ဝေမျှမသုံးပါနှင့်။

Man brushing infographic

သင် ဆေးလိပ်သောက်လျှင် ဆေးလိပ်ဖြတ်ရန် စဉ်းစားပါ။

ပံ့ပိုးမှုအတွက် ဆေးလိပ်ဖြတ်ဖုန်းလိုင်း QUITLINE ဖုန်း 13 78 48 ကို ဖုန်းခေါ်ပါ။

Smoking infographic

သင့်အတွက်နှင့် သင့်မိသားစုအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အဆာပြေအစားအစာကို ရွေးပါ

Healthy food infographic

သကြားဓါတ်များများပါသည့် အစားအစာနှင့် သောက်စရာများကို ကန့်သတ်ပါ

မြူစလီမုန့်အတောင့်များ၊ သကြားလုံးများ၊ သစ်သီးအခြောက်၊ ယိုစုံနှင့် ချော့ကလက်သုတ်လိမ်းစရာတို့ကဲ့သို့ ချိုပြီး ချွဲကြိကြိ အစားအစာများကို ရှောင်ပါ။

Sugary food infographic

ရေပိုက်မှ ရိုးရိုးရေကိုသောက်ပါ

Drink water infographic

နို့သွားများ

နို့သွားများ ပေါက်လာသည်နှင့် အမြန်ဆုံး သန့်ရှင်းပေးပါ။

ကလေးအသက် ၁၈ လ မပြည့်မချင်း သွားတိုက်ဆေး မသုံးရ။

Cleaning babys teeth infographic

မိခင်နို့ရည်သည် နို့စို့ကလေးအတွက် အကောင်းဆုံးဖြစ်သည်။

ကလေးကို နို့ဗူးတိုက်လျှင် နို့ဗူးတိုက်လျက်နှင့် မသိပ်လိုက်ပါနှင့်။ အသက် ၁၂ လမှ ၁၈ လတွင် ပထမဦးဆုံးအကြိမ် သွားဆရာဝန်နှင့်သွားစစ်ဆေးပါ။

Breastfeeding infographic

ကလေး နှုတ်ခမ်းကို တစ်လတစ်ခါ ဟကြည့်ပြီး သွားပျက်စီးမည့် စောစောပိုင်းလက္ခဏာများကို စစ်ဆေးပါ။

ရှေ့သွား၏သွားဖုံးတစ်လျှောက်အဖြူရောင်မျဥ်းတွင် သွားပျက်စီးမှု စတင်ဖြစ်နိုင်သည်။

Lift the Lip infographic

ကလေးများ၏ သွားများ

သွားနှင့်သွားဖုံးကို နံနက်နှင့် ညအိပ်ယာမဝင်မီ သွားတိုက်ပါ။

Child brushing infographic

အသက် ၁၈ လမှ ၅ နှစ်အရွယ်အထိ ပဲစေ့အရွယ် ဖလူရိုက်နည်းနည်းပါသည့် ကလေး သွားတိုက်ဆေးကို သုံးပါ။

အသက် ၆ နှစ်မှစ၍ လူကြီးသွားတိုက်ဆေး သုံးပါ။

Low fluoride toothpaste infographic

သင့်ကလေး အသက် ၈ နှစ်မပြည့်မချင်း

ကူပြီးသွားတိုက်ပေးပါ။

Parent helping with brushing infographic

ကျွန်ုပ် SA Dental သွားဆေးခန်းတွင် ပြသခွင့်ရှိပါသလား။

အသက် ၀-၁၈ နှစ်အရွယ် ကလေးအားလုံးကို SA Dental သွားဆေးခန်းမှ ကြိုဆိုပါသည်။

လူကြီးများမှာ လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှု ကတ်ပြား သို့မဟုတ် ပင်စင် လျှော့စျေးကတ်ပြား ရှိရန်လိုအပ်ပြီး တောင်သြစတြေးလျတွင် နေထိုင်ရန်လိုအပ်သည်။

Resource (English)