Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

သွားနုတ်ပြီးနောက် လိုက်နာရမည့် ညွှန်ကြားချက်များ

Jessica Clark SA Dental HR 2241

ယနေ့

  • သွေးတိတ်စေရန် သင့်ပါးစပ်ထဲ ဂွမ်းဘတ်ကိုထည့်ထားသည်။ ဂွမ်းဘတ်ကို အနည်းဆုံး နာရီဝက် ထိထိမိမိ ထားပါ။
  • သင့်ပါးစပ်ကို ၂၄ နာရီ ပလုတ်မကျင်းပါနှင့်၊ သွေးခဲမှုကို ဟန့်တားနိုင်သောကြောင့်ဖြစ်သည်။
  • ၂၄ နာရီ ဆေးလိပ်မသောက်ပါနှင့် အရက်မသောက်ပါနှင့်။
  • တစ်နာရီကြာပြီးနောက် ပါးစပ်နောက်တစ်ဖက်ဖြင့် စားနိုင်သည် သောက်နိုင်သည် သို့သော် ပူလွန်း အေးလွန်း မဖြစ်စေရ။
  • သင့်ပါးစပ်အတွင်း အစာကို မမွေ့ပါနှင့်၊ သွေးခဲမှုကို ဟန့်တားနိုင်သောကြောင့် ဖြစ်သည်။
  • သင့်နုတ်ခမ်းကို ထုံနေတုံး မကိုက်မိအောင် သတိထားပါ။
  • မနက်ဖြန်မှစ၍ ရေနွေးတစ်ခွက်ထဲ ဆားလက်ဘက်ရည်ဇွန်း ထက်ဝက်ကို ဖျော်ပါ။ ပါးစပ်တွင်း အနာကို ဆားဖျော်ရေနွေးဖြင့် ခဏ ငုံပေးပါ။ အနည်းဆုံး ငါးရက် အစာစားပြီးနောက်နှင့် အိပ်ရာမဝင်မီ ဆားရည်ဖြင့် အသာအယာ ပလုတ်ကျင်းပေးပါ။

သွေးယိုခြင်း

  • ပထမ ၁၂-၂၄ နာရီအတွင်း သွေးအနည်းငယ်ယိုခြင်းမှာ ဖြစ်လေ့ရှိသည်။
  • သွေးများများထွက်လျှင် သို့မဟုတ် ထွက်နေသေးလျှင် ရေအေးဖြင့် ပါးစပ်ကို အသာအယာ ပလုတ်ကျင်းပါ၊ ယင်းနောက် သန့်ရှင်းသော ဂွမ်းဘတ်ဖြင့်ဖုံးပေးပါ သို့မဟုတ် ခေါက်ထားသော 10cm လေးထောင့် အရာဖြင့်ဖုံးပေးပါ၊ တစ်ရှူးစက္ကူကို သို့မဟုတ် ချည် သိုးမွှေးစကို မသုံးပါနှင့်။
  • ဂွမ်းဘတ်ကို မိနစ် ၃၀ မိမိရရ ကိုက်ပေးပါ။
  • သင့်ဦးခေါင်းကို အနည်းငယ် မော့ထားပါ။

အကယ်၍ သွေးထွက်နေသေးလျှင် သို့မဟုတ် ဆိုးဝါးနေလျှင် သင် တက်ရောက်ခဲ့သည့် ဆေးခန်းကို ဆက်သွယ်ပါ သို့မဟုတ် ဆေးခန်း မဖွင့်လျှင် Adelaide Dental Hospital ရှိ Oral and Maxillofacial Surgery Unit ဌာန်ကို ဖုန်း 8222 8220 ဖြင့်ဆက်သွယ်ပါ။

  • ရုံးချိန်နောက်ပိုင်း ဆိုးဝါးသည့် သွေးယိုစီးမှုအတွက် healthdirect Australia ဖုန်း 1800 022 222 ကို နောက်ထပ် စောင့်ရှောက်မှု အကြံဉာဏ်ရရန် ဆက်သွယ်ပါ။

နာကျင်မှု သက်သာအောင်လုပ်ခြင်း

  • နောက်ထပ် ရက်အနည်းငယ် သင် နာကျင်နေအုံးမည်။
  • paracetamol နှင့်/သို့မဟုတ် Ibuprofen (ဥပမာ-Nurofen) သို့မဟုတ် အလားတူ နာကျင်ပျောက်ဆေး လိုသလို သောက်ပါ။ ဆေးထုပ်ပါ ညွှန်ကြားချက်များကို လိုက်နာပါ။

မှတ်သားရန်- ဤဆေးများနှင့် ဓါတ်မတည့်မှုရှိပါက၊ ရင်ကျပ်ရောဂါ၊ အစာအိမ်အချဥ်ပေါက် သို့မဟုတ် အစာအိမ် အနာ ရှိပါက Ibuprofen သို့မဟုတ် Aspirin ကို မသောက်ပါနှင့်။

  • နောက်ထပ် နာကျင်မှုသက်သာအောင် အကြံပြုချက်အတွက် သင် တက်ရောက်ခဲ့သည့် ဆေးခန်း သို့မဟုတ် သင့် ဒေသခံ ဆရာဝန်ကို ဆက်သွယ်ပါ။

သွားနုတ်ပြီးနောက်ပိုင်း လိုက်နာရမည့်နောက်ထပ် အချက်အလက်များ

  • သွားနုတ်ပြီး ရောင်နေခြင်းမှာ ပုံမှန်ဖြစ်ပြီး ၃၆-၄၈ နာရီခန့် ရောင်လွန်းနေနိုင်သည်။
  • ရောင်နေခြင်းမှာ ၄-၅ ရက်ကျော်ပြီး စတင် သက်သာလာပါမည်။
  • လိုအပ်လျှင် အိမ်၌ အရောင်ကျစေရန် ပါးပေါ် မိနစ် ၂၀ ရေခဲအုံပေးပါ။ ၁၀ မိနစ် ဖယ်ရှားပေးပြီး ပထမ ၂၄ -၄၈ နာရီအတွင်း လိုသလို ဆက်လုပ်ပေးပါ။
  • သွေးချေအုခြင်း အချို့ အရောင်ကျလာစဉ် ဖြစ်လာနိုင်သည်။
  • သင် ပါးစပ်ဟရန် ခက်ခဲနိုင်သည်။ ၎င်းမှာ ပုံမှန်ဖြစ်ပြီး အရောင်ကျလာစဉ် ပိုဟလာနိုင်ပါမည်။
  • အရည်နှင့် အစာပျော့ပျော့ကို စားသုံးပါ။
  • နောက်အပတ်လောက်တွင် ပုံမှန် အစားအသောက်ကို ဖြည်းဖြည်း ပြန်စားသုံးပါ။
  • အမြန်ဆုံး ပုံမှန် သွားပြန်တိုက်ပေးပါ။

Download & printable resource