ယနေ့
- သွေးတိတ်စေရန် သင့်ပါးစပ်ထဲ ဂွမ်းဘတ်ကိုထည့်ထားသည်။ ဂွမ်းဘတ်ကို အနည်းဆုံး နာရီဝက် ထိထိမိမိ ထားပါ။
- သင့်ပါးစပ်ကို ၂၄ နာရီ ပလုတ်မကျင်းပါနှင့်၊ သွေးခဲမှုကို ဟန့်တားနိုင်သောကြောင့်ဖြစ်သည်။
- ၂၄ နာရီ ဆေးလိပ်မသောက်ပါနှင့် အရက်မသောက်ပါနှင့်။
- တစ်နာရီကြာပြီးနောက် ပါးစပ်နောက်တစ်ဖက်ဖြင့် စားနိုင်သည် သောက်နိုင်သည် သို့သော် ပူလွန်း အေးလွန်း မဖြစ်စေရ။
- သင့်ပါးစပ်အတွင်း အစာကို မမွေ့ပါနှင့်၊ သွေးခဲမှုကို ဟန့်တားနိုင်သောကြောင့် ဖြစ်သည်။
- သင့်နုတ်ခမ်းကို ထုံနေတုံး မကိုက်မိအောင် သတိထားပါ။
- မနက်ဖြန်မှစ၍ ရေနွေးတစ်ခွက်ထဲ ဆားလက်ဘက်ရည်ဇွန်း ထက်ဝက်ကို ဖျော်ပါ။ ပါးစပ်တွင်း အနာကို ဆားဖျော်ရေနွေးဖြင့် ခဏ ငုံပေးပါ။ အနည်းဆုံး ငါးရက် အစာစားပြီးနောက်နှင့် အိပ်ရာမဝင်မီ ဆားရည်ဖြင့် အသာအယာ ပလုတ်ကျင်းပေးပါ။
သွေးယိုခြင်း
- ပထမ ၁၂-၂၄ နာရီအတွင်း သွေးအနည်းငယ်ယိုခြင်းမှာ ဖြစ်လေ့ရှိသည်။
- သွေးများများထွက်လျှင် သို့မဟုတ် ထွက်နေသေးလျှင် ရေအေးဖြင့် ပါးစပ်ကို အသာအယာ ပလုတ်ကျင်းပါ၊ ယင်းနောက် သန့်ရှင်းသော ဂွမ်းဘတ်ဖြင့်ဖုံးပေးပါ သို့မဟုတ် ခေါက်ထားသော 10cm လေးထောင့် အရာဖြင့်ဖုံးပေးပါ၊ တစ်ရှူးစက္ကူကို သို့မဟုတ် ချည် သိုးမွှေးစကို မသုံးပါနှင့်။
- ဂွမ်းဘတ်ကို မိနစ် ၃၀ မိမိရရ ကိုက်ပေးပါ။
- သင့်ဦးခေါင်းကို အနည်းငယ် မော့ထားပါ။
အကယ်၍ သွေးထွက်နေသေးလျှင် သို့မဟုတ် ဆိုးဝါးနေလျှင် သင် တက်ရောက်ခဲ့သည့် ဆေးခန်းကို ဆက်သွယ်ပါ သို့မဟုတ် ဆေးခန်း မဖွင့်လျှင် Adelaide Dental Hospital ရှိ Oral and Maxillofacial Surgery Unit ဌာန်ကို ဖုန်း 8222 8220 ဖြင့်ဆက်သွယ်ပါ။
- ရုံးချိန်နောက်ပိုင်း ဆိုးဝါးသည့် သွေးယိုစီးမှုအတွက် healthdirect Australia ဖုန်း 1800 022 222 ကို နောက်ထပ် စောင့်ရှောက်မှု အကြံဉာဏ်ရရန် ဆက်သွယ်ပါ။
နာကျင်မှု သက်သာအောင်လုပ်ခြင်း
- နောက်ထပ် ရက်အနည်းငယ် သင် နာကျင်နေအုံးမည်။
- paracetamol နှင့်/သို့မဟုတ် Ibuprofen (ဥပမာ-Nurofen) သို့မဟုတ် အလားတူ နာကျင်ပျောက်ဆေး လိုသလို သောက်ပါ။ ဆေးထုပ်ပါ ညွှန်ကြားချက်များကို လိုက်နာပါ။
မှတ်သားရန်- ဤဆေးများနှင့် ဓါတ်မတည့်မှုရှိပါက၊ ရင်ကျပ်ရောဂါ၊ အစာအိမ်အချဥ်ပေါက် သို့မဟုတ် အစာအိမ် အနာ ရှိပါက Ibuprofen သို့မဟုတ် Aspirin ကို မသောက်ပါနှင့်။
- နောက်ထပ် နာကျင်မှုသက်သာအောင် အကြံပြုချက်အတွက် သင် တက်ရောက်ခဲ့သည့် ဆေးခန်း သို့မဟုတ် သင့် ဒေသခံ ဆရာဝန်ကို ဆက်သွယ်ပါ။
သွားနုတ်ပြီးနောက်ပိုင်း လိုက်နာရမည့်နောက်ထပ် အချက်အလက်များ
- သွားနုတ်ပြီး ရောင်နေခြင်းမှာ ပုံမှန်ဖြစ်ပြီး ၃၆-၄၈ နာရီခန့် ရောင်လွန်းနေနိုင်သည်။
- ရောင်နေခြင်းမှာ ၄-၅ ရက်ကျော်ပြီး စတင် သက်သာလာပါမည်။
- လိုအပ်လျှင် အိမ်၌ အရောင်ကျစေရန် ပါးပေါ် မိနစ် ၂၀ ရေခဲအုံပေးပါ။ ၁၀ မိနစ် ဖယ်ရှားပေးပြီး ပထမ ၂၄ -၄၈ နာရီအတွင်း လိုသလို ဆက်လုပ်ပေးပါ။
- သွေးချေအုခြင်း အချို့ အရောင်ကျလာစဉ် ဖြစ်လာနိုင်သည်။
- သင် ပါးစပ်ဟရန် ခက်ခဲနိုင်သည်။ ၎င်းမှာ ပုံမှန်ဖြစ်ပြီး အရောင်ကျလာစဉ် ပိုဟလာနိုင်ပါမည်။
- အရည်နှင့် အစာပျော့ပျော့ကို စားသုံးပါ။
- နောက်အပတ်လောက်တွင် ပုံမှန် အစားအသောက်ကို ဖြည်းဖြည်း ပြန်စားသုံးပါ။
- အမြန်ဆုံး ပုံမှန် သွားပြန်တိုက်ပေးပါ။