Statement of Acknowledgement

We acknowledge and respect the traditional custodians on whose ancestral lands we provide dental services.

We acknowledge the deep feeling of attachment and relationship of Aboriginal and Torres Strait Islander people to Country.

We pay our respects to their Elders past and present and extend that respect to other Aboriginal and Torres Strait Islander people attending our services.

We are committed to improving the oral health outcomes of Aboriginal and Torres Strait Islander people.

Aboriginal and Torres Strait Islander people should be aware that this website may contain images, voices and names of people who have passed away.

Skip to main content

အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ

Jessica Clark SA Dental HR 2042

သင့်အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ

SA Dental သည် သင့်အား ဖြစ်နိုင်သမျှ အကောင်းဆုံး ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန် ရည်မှန်းထားပါသည်။ ကျွန်ုပ်တို့နှင့်အတူ လုပ်ကိုင်ပြီး သင်၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို သိရှိခြင်းသည် သင့်အဖို့ ကောင်းမွန်သော အတွေ့အကြုံနှင့် အကျိုးဆက်များရရှိရန် အထောက်အကူပြုပါမည်။

ကျွန်ုပ်၏ အခွင့်အရေးများမှာ အဘယ်နည်း။*

SA Dental ၏ ဝန်ဆောင်မှုရယူသူတစ်ဦးအဖြစ် သင့်တွင် ရှိသည့်အခွင့်အရေးမှာ-

ဖော်ရွေမှု၊ ဂုဏ်သိက္ခာနှင့် လေးစားမှုဖြင့် ဆက်ဆံခံရရန် သင့်လိုအပ်ချက်များနှင့်ကိုက်ညီမည့် ဝန်ဆောင်မှုများကို ရယူခွင့်

သင် လုံခြုံဘေးကင်းသည်ဟု ခံစားရမည့် ပတ်ဝန်းကျင်တွင် စောင့်ရှောက်ခံရရန်

ဘေးကင်း၊ စိတ်ချ၊ ညှိနှိုင်းယူပြီး သင့် လိုအပ်ချက်များနှင့် သင့်တော်သည့် အရည်အသွေးရှိသော ဝန်ဆောင်မှုများ သင် နားလည်နိုင်သော အချက်အလက်များ လက်ခံရရှိရန် သို့မှသာ သင် အသိရှိပြီးဖြစ်သည့် သဘောတူညီချက်ကိုပေးနိုင်မည်ဖြစ်သည်၊ အပါအဝင်ဖြစ်သည်မှာ-

  • သင့် လက်ရှိခံတွင်းကျန်းမာရေး အခြေအနေ
  • SA Dental နှင့် ပုဂ္ဂိုလ်ရေးအရလည်း ရရှိနိုင်သည့် ကုသမှု နည်းလမ်းများ
  • ကုသမှု နည်းလမ်းများ၏ အန္တရာယ်များနှင့် ကောင်းကျိုးများ
  • အခကြေးတစ်စုံတစ်ရာနှင့် သင် မည်သို့ပေးဆောင်ရပုံ
  • လိုအပ်သလို ဘက်လိုက်မှုကင်းသော အတတ်ပညာရှင် စကားပြန် ရရှိခွင့်

စီစဉ်ထားသည့် ဝန်ဆောင်မှုများနှင့် ရယူမည့် ဝန်ဆောင်မှုများအကြောင်း ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုများတွင် အပြည့်အဝ ပါဝင်ဆုံးဖြတ်နိုင်စေရန်

  • သင့် ခံတွင်းကျန်းမာရေးနှင့် ကုသမှုအကြောင်း မေးခွန်းများ မေးမြန်းခြင်း
  • ဒုတိယအကြံဉာဏ် တောင်းခံခြင်း
  • အကြံပြုထားသော ကုသမှုကို ခံယူမည် ဟုတ်/မဟုတ် ဆုံးဖြတ်ခြင်း
  • မည်သည့်အချိန်တွင်မဆို ကုသမှုအတွက် သင့် သဘောတူညီချက်ကို ပေးခြင်း သို့မဟုတ် မပေးခြင်း
  • မိသားစုဝင်၊ မိတ်ဆွေ၊ စောင့်ရှောက်သူ သို့မဟုတ် ကိုယ်စားဆောင်ရွက်ပေးသူ တစ်ဦး ရရှိခြင်း

သင့် ကိုယ်ရေးအချက်များကို လေးစားခြင်းနှင့် သင့် ကိုယ်ရေးအချက်များကို လျှို့ဝှက်ထားရှိခြင်းကို သိရှိရန်၊ SA Dental နှင့် သင့်အတွေ့အကြုံအကြောင်း ဝေဖန်ချက် သို့မဟုတ် မကျေနပ်ချက်

  • ကျွန်ုပ်တို့ မည်သို့ ကောင်းကောင်း ဝန်ဆောင်ပေးနိုင်ကြောင်း သင့် အကြံပြုချက်များကို ကြိုဆိုပါသည်။
  • သင့် ခံတွင်းကျန်းမာရေးနှင့်ပတ်သက်ပြီး သင် မကျေနပ်ပါက သင့်အနေဖြင့် ဆေးခန်းဝန်ထမ်းနှင့် ဆွေးနွေးသင့်သည် သို့မှသာ သင့် မကျေနပ်ချက်ကို ချင်ချင်း ဖြေရှင်းပေးနိုင်ပါမည်။

ကျွန်ုပ်၏ တာဝန်ဝတ္တရားများမှာ အဘယ်နည်း။

Sa Dental ၏ ဝန်ဆောင်မှု ရယူသူအဖြစ် သင့်တွင်ရှိသည့် တာဝန်ဝတ္တရားမှာ-

သင် ဆေးခန်းသို့ တက်ရောက်လာသည့်အခါ တည်တည်ငြိမ်ငြိမ်၊ ဖော်ရွေပြီး လေးစားမှုဖြင့် အခြားသော SA Dental ဝန်ထမ်းများနှင့် ဖောက်သည်များအား ဂရုဏာထားရှိမှုကို ပြသပါ။

သင့် ကုသမှုအတွက်ပေးရမည့် အခကြေးကို ပေးပါ။

ရက်ချိန်းကိုလာရောက်ပါ၊ အချိန်မှီလာပါ၊ အကယ်၍ မလာနိုင်လျှင် ကျွန်ုပ်တို့အား အမြန်ဆုံး အကြောင်းကြားပေးပါ။

သင့် ဆေးဘက်ဆိုင်ရာနှင့် ခံတွင်း သမိုင်းကြောင်းချင်းရာနှင့်ပတ်သက်သည့် အချက်အလက်အသစ်ကို တင်ပြပါ သို့မှသာ ကျွန်ုပ်တို့ အကောင်းဆုံးနှင့် ဘေးအကင်းဆုံး ကုသမှုကို သင့်အား ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

မေးခွန်းများမေးပါ သို့မှသာ သင် သင့်စောင့်ရှောက်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှတ်ရာ၌ စိတ်ချလက်ချရှိမည်ဖြစ်သည် သို့မဟုတ် လိုအပ်သလို သင့်အား ကူညီပေးရန် တစ်ယောက်ယောက်ကို ခေါ်လာပါ။

ကုသမှုခံယူပြီးလိုက်နာရမည့်အကြံပေးချက်တစ်ခုခုကို လိုက်နာခြင်းနှင့် ကုသမှုခံယူပြီးနောက် သင့်တွင် ပြဿနာတစ်စုံတစ်ရာရှိလျှင် ကျွန်ုပ်တို့အား အသိပေးခြင်းအားဖြင့် ကိုယ်ကိုကိုယ် ဂရုစိုက်ပါ။

သင့်အား ပို့ချပေးသည့် ဝန်ဆောင်မှုတစ်ခုခုကို စိုးရိမ်ပါက သို့မဟုတ် မကျေနပ်ပါက ကျွန်ုပ်တို့အား အသိပေးပါ။

သင့် အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများအကြောင်း ပိုမိုအသေးစိတ် သိချင်ပါလား။

ဆေးခန်းကို သင်လာရောက်သည့်အခါ ကျွန်ုပ်တို့၏ ဖော်ရွေသော ဝန်ထမ်းတစ်ဦးကို ပြောဆိုပါ။

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် - www.dental.sa.gov.au ရှိ အခွင့်အရေးများနှင့် တာဝန်များ စာစောင်ကို ဖတ်ရှုပါ။

ပိုမိုသိရှိရန်

Sa Dental ကိုဆက်သွယ်ရမည့် အသေးစိတ် အချက်များအား White Pages လမ်းညွှန်စာအုပ်၏ SA Health ခေါင်းစဉ်အောက် Business and Government Listing တွင် ဖော်ပြထားသည်။ ရက်ချိန်းများနှင့် ကုသမှု အချက်အလက်များအတွက် သင့် ဒေသခံ ဆေးခန်းကို ဆက်သွယ်ပါ။

အထွေထွေ စုံစမ်းမှုများအတွက် ဆက်သွယ်ရန်-

SA Dental

GPO Box 864

Adelaide SA 5001

တယ်လီဖုန်း - 1300 008 222

www.dental.sa.gov.au

Download & printable resource